• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တစ်ကမ္ဘာလုံးက ဒီနှစ်NPCနဲ့CPPCCအစည်းအဝေးတွေကို အာရုံစိုက်

(GMT+08:00) 2013-03-04 16:59:17

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီပထမအကြိမ်အစည်းအဝေးကို ဒီလ၃-ရက်နေ့က ပီကင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ကို ဒီလ၅-ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒီနှစ်NPCနဲ့CPPCCအစည်းအဝေးတွေမှာ တရုတ်ခေါင်းဆောင်သစ်များကို ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ တရုတ်ပြည်သူများက ဒီနှစ်NPCနဲ့CPPCCအစည်းအဝေးတွေကို စောင့်မျှော်နေတဲ့အပြင် နိုင်ငံတကာမိသားစုကြီး ကလည်း အစည်းအဝေးတွေကို အာရုံစိုက်နေကြပါတယ်။

ဗြိတိန် The Daily Telegraph သတင်းစာက၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် မှ ဝေဖန်ချက်တွေကို သည်းခံရခြင်းဆိုတဲ့ ပြောဆို ချက်ဟာ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးဖို့ မျှော်လင့်သူများအား ထောက်ခံအားပေး ကြောင်း ရေးသားဖော်ပြပါတယ်။ တရုတ်ခေါင်းဆောင်သစ်များရဲ့ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်လုပ်ပုံလုပ်နည်းများဟာ တရုတ်ပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံခြားရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ၊ ခေါင်းဆောင်သစ်များအနေနဲ့ အရေးကြီးနယ်ပယ်တွေမှာပြုပြင်ပြောင်းလဲမှုကို ဘယ်လို ဆောင်ရွက်မလဲ၊ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့ လက်တွေ့ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ပြည်တွင်းပြည်ပက အာရုံစူးစိုက်နေကြပါတယ်။

ဒီနှစ်NPCနဲ့CPPCCအစည်းအဝေးတွေမှာ တရုတ်နိုင်ငံတော်ကောင်စီ ဌာနပြုပြင် ပြောင်းလဲရေးနဲ့ အလုပ်တာဝန်ပြောင်းလဲရေးမူကြမ်းကို စိစစ်ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒါဟာ အစိုးရရဲ့အလုပ်တာဝန်ကို ပြောင်းလဲဖို့ အရေးကြီးနည်းလမ်းတစ်ခုလည်းဖြစ် ပါတယ်။ လုပ်ငန်းပေါင်းစုံက အဲဒါကို အာရုံစိုက်နေကြပါတယ်။

ပြီးခဲ့တဲ့၂၀၁၂-ခုနှစ်က တရုတ်ပြည်ရဲ့စီးပွားရေးဟာ နာလန်ပြန်ထူလာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးငွေကြေးအကျပ်အတည်းနဲ့ကြုံတွေ့နေရပေမဲ့ တရုတ်ပြည်ရဲ့ စီးပွားရေး စုစုပေါင်းပမာဏဟာ တရုတ်ယွမ်ငွေဘီလီယံ၅-သောင်းကျော် ပထမဆုံးအကြိမ်ရရှိခဲ့ ပါတယ်။ စီးပွားရေးတိုးတက်နှုန်း ၇.၈-ရာခိုင်နှုန်းရရှိတဲ့အတွက် တစ်ကမ္ဘာလုံးက အာရုံစိုက် ကြပါတယ်။ တရုတ်အစိုးရသစ်ရဲ့ စီးပွားရေးဆိုင်ရာစီမံကိန်းဟာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး တွန်းအားပေးနိုင်မပေးနိုင်တာကို နိုင်ငံတကာမိသားစုကြီးက အာရုံစိုက်နေကြပါတယ်။

ပြည်တွင်းပြည်ပတွေက၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ဝင်ငွေခွဲဝေပေးမှုပြုပြင်ပြောင်းလဲရေး၊ လူမှုရေးစီမံအုပ်ချုပ်ရေးနဲ့ ပြည်သူ့နေထိုင်မှုဘဝ ကောင်းမွန်စေရေးစတာတွေကိုလည်း အာရုံစိုက်နေကြပါတယ်။

      လက်ရှိအချိန်မှာ တရုတ်ပြည်ရဲ့ပတ်ဝန်းကျင်အခြေအနေဟာ ရှုပ်ထွေးလှပါတယ်။ တရုတ်ခေါင်းဆောင်သစ်များက၊ တရုတ်ပြည်ရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ကို ရေရှည်ကျင့်သုံးမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြပါတယ်။ အမေရိကန်အသိပညာရှင်၊အတတ်ပညာရှင်များအဖွဲ့ ကာတိုပညာရှင်များအသင်းက သုတေသီ ထေ့ဒ်-ကာဖိန်တာက၊ တစ်ကမ္ဘာလုံးအနေနဲ့ တရုတ်ပြည်ဟာ တာဝန်ယူတတ်ပြီး အပြုသဘောဆောင်တဲ့နိုင်ငံကြီး ဖြစ်လာနေတယ်လို့ ယုံကြည်ရပြီဖြစ်ကြောင်း ယူဆ ပါတယ်။
   Webradio