• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ရဲ့အစည်းအဝေး ၂-ခုဆိုင်ရာ အမေးအဖြေများ

(GMT+08:00) 2013-03-01 10:53:47

မေး၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ တာဝန်သက်တမ်းက ဘယ်လောက်ကြာမှာလဲ။ နှစ်ပတ်လည် အစည်းအဝေး ၂-ခုကို ဘယ်အချိန်တွေမှာ ကျင်းပလေ့ရှိသလဲ။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ တာဝန်သက်တမ်းတစ်ကြိမ်ဟာ ၅-နှစ်ကြာရှိပါတယ်။ အဲဒီအစည်းအဝေး ၂-ခုဟာ နှစ်စဉ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ် ပထမ ၃-လပတ်မှာ ကျင်းပလေ့ရှိပါတယ်။

 

မေ၊ တရုတ်ပြည်သူ့ကွန်ဂရက်ဟာ တရုတ်ပြည်ရဲ့ နိုင်ငံတော် အာဏာပိုင်ဌာန တစ်ခုအဖြစ် ဘယ် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသလဲ။

ဖြေ၊ တရုတ်ပြည်သူ့ကွန်ဂရက်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံတော် အာဏာပိုင် ဌာနဖြစ်ပြီး ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ဟာ အမြင့်ဆုံးနိုင်ငံတော် အာဏာပိုင်ဌာနဖြစ်သလို ဒေသန္တရ ပြည်သူ့ကွန်ဂရက် အဆင့်ဆင့်တို့ဟာ ဒေသန္တရ ဆိုင်ရာ နိုင်ငံတော် အာဏာပိုင် ဌာနဖြစ်ပါတယ်။ ပြည်သူ့ကွန်ဂရက်ဟာ ဒီမိုကရေစီ ရွေးချယ်မှုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

 

မေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အခွင့်အာဏာကို ပြောပြပေးပါဦး။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အခွင့်အာဏာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပိုင်ခွင့်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ဖေါ်ဆောင်မှုကို ကြီးကြပ်ပိုင်ခွင့်၊ ရာဇဝတ်မှု၊ တရားမမှု၊ နိုင်ငံတော်လုပ်ငန်းဌာနနဲ့ အခြား အခြေခံ ဥပဒေတွေကို ချမှတ်ရေးနဲ့ ပြင်ဆင်ပိုင်ခွင့်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်နဲ့ ကော်မတီ အဖွဲ့ဝင်တွေကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ဥက္ကဋ္ဌ တင်သွင်းတဲ့ နာမည် စာရင်းအရ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် ခန့်ထားရန်လူကို ရွေးချယ်ပိုင်ခွင့် စတာတွေဖြစ်ပါတယ်။

 

မေး၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရဲ့ တာဝန်လုပ်ငန်းတွေကိုသိပါရစေ။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဟာ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတမ်း လုပ်ငန်းဌာန ဖြစ်ပြီး တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက်အပေါ် တာဝန်ယူကာ လုပ်ငန်းအစီရင်ခံပါတယ်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီရဲ့ လုပ်ငန်းတာဝန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှင်းပြရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ဖေါ်ဆောင်မှုကို ကြီးကြပ်ရေး၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ချမှတ်သင့်မယ့် ဥပဒေတွေ ကလွဲပြီး အခြား ဥပဒေတွေကို ချမှတ်ရေးနဲ့ ပြင်ဆင်ရေး၊ ဥပဒေတွေကို ရှင်းပြရေး၊ နိုင်ငံတော် ကောင်စီ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ရေး ကော်မရှင်၊ တရုတ်ပြည်သူ့ တရားရုံးချုပ်နဲ့ တရုတ်ရှေ့နေရုံးချုပ်ရဲ့ လုပ်ငန်းတွေကို ကြီးကြပ်ရေး စတာတွေ ဖြစ်ပါတယ်။

 

မေး၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ကဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေပါသလဲ။

ဖြေ၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ တရုတ်ပြည်သူ့ မျိုးချစ် ညီညွတ်ရေး တပ်ပေါင်းစုရဲ့ အဖွဲ့အစည်း ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံရေး အတိုင်ပင်ခံရေးဆိုင်ရာ အရေးကြီး လုပ်ငန်းဌာနဖြစ်ကာ တရုတ်နိုင်ငံရေးဘဝမှာ ဆိုရှယ်လစ် ဒီမိုကရေစီ ဖြစ်ထွန်းအောင် အရေးကြီး ဆောင်ရွက်ရေး နည်းလမ်းလည်း ဖြစ်ပါတယ်။

 

မေး၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ ဘယ်တွေနဲ့ ဖွဲ့စည်းတည်ထောင်သလဲ။

ဖြေ၊  တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ တရုတ်တိုင်းရင်းသား တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုဖြင့်  တရုတ်ကွန်မြူနစ်ပါတီ၊ ဒီမိုကရေစီ ပါတီ ၈-ပါတီ၊ တစ်သီးပုဂ္ဂလ၊ ပြည်သူ့ အသင်းအဖွဲ့နဲ့ တိုင်းရင်းသား လူမျိုးစုံနဲ့ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို မွေးချင်းပေါက်ဖေါ်၊ အမိနိုင်ငံပြန် ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားမှ ကိုယ်စားလှယ်နဲ့ အထူးဖိတ်ခေါ်တဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

 

မေး၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ လုပ်ငန်းတာဝန်ကိုသိပါရစေ။

ဖြေ၊  တရုတ်ကွန်မြူနစ်ပါတီ၊ ဒီမိုကရေစီ ပါတီနဲ့ တစ်သီးပုဂ္ဂလ အကြား ရေရှည် အတူ ယှဉ်တွဲ တည်ရှိရေးနဲ့ အပြန်အလှန် ကြီးကြပ်ရေးမူကို စွဲကိုင်ထားပြီး တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ နိုင်ငံတော် မူဝါဒ၊ လမ်းညွှန်ချက်နဲ့ ပြည်သူတို့ရဲ့ နေထိုင်မှုဘဝဘက်မှ အရေးကြီး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး နိုင်ငံရေး အတိုင်ပင်ခံမှုကို ပြုလုပ်ကာ အကြံပြုမှုနဲ့ ဝေဖန်မှုတွေနဲ့ ဒီမိုကရေစီ ကြီးကြပ်ရေး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အဓိက လုပ်ငန်းတာဝန်တွေမှာ နိုင်ငံရေး အတိုင်ခံရေးနဲ့ ဒီမိုကရေစီ ကြီးကြပ်ရေး၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ ကွန်ဖရင့်မှာ ပါဝင်ကြတဲ့ ပါတီ၊ အသင်းအဖွဲ့၊ တိုင်းရင်းသားလူမျိုးစုံနဲ့ အလွှာပေါင်းစုံတို့မှ ပုဂ္ဂိုလ်များကို စည်းရုံးပြီး တိုင်းရေး ပြည်ရာတွေမှာ ပါဝင်ဆောင်ရွက်စေဖို့ ဆွေးနွေးတိုင်ပင်စေဖို့ ဖြစ်ပါတယ်။

   Webradio