• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီကို နားလည်သိရှိခြင်းဟာ တရုတ်ပြည်ကို နားလည်သိရှိဖို့ သော့ တစ်ချောင်း ဖြစ်တယ်

(GMT+08:00) 2012-11-07 17:31:54

    တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ပီကင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း တရုတ် ကွန်မြူနစ် ပါတီဟာ ကမ္ဘာ့နိုင်ငံ ၁၆၀ ကျော်မှ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်း ၆၀၀ ကျော်တို့နဲ့ ဆက်ဆံမှု ထားရှိခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးအခြေအနေ ကွဲပြားတဲ့ နိုင်ငံနဲ့ နိုင်ငံရေးပါတီများနဲ့ ကူးလူးဆက်ဆံမှု ပြုလုပ်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် ရှာကြံခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂-ရက်နေ့နဲ့ ၃-ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ကျားရွေ့နဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီ၊ ရီပတ်ဗလစ်ကန်ပါတီမှ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့အတူ တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူး ကျင်းပ ခဲ့ပါတယ်။ အဲဒါဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ အမေရိကန် နိုင်ငံရေးပါတီများ အကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲ မဟုတ်ပါဘူး။ ပထမ အကြိမ် တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲကို ၂၀၁၀-ခုနှစ် မတ်လက ပီကင်းမှာ ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဟွမ်ကွမ်းဟွာက၊ တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲကို လေးကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီ ဖြစ်ကြောင်း၊ ဒီနှစ် တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက်ညီလာခံ ကျင်းပပြီး၊ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဝန်ကြီး ဝမ်ကျားရွေ့က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အမေရိကန်ကို သွားရောက် ခရီးလှည့်လည်မှာ ဖြစ်ကြောင်း၊ အဲဒါဟာ ကောင်းမွန်တဲ့ စနစ် တစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံ တစ်ချို့မှာ နိုင်ငံရေးပါတီတွေ အလှည့်ကျအာဏာရစနစ်ကို ကျင့်သုံးနေတာ ဖြစ်ပြီး တရုတ်နဲ့ အဲဒီနိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ တစ်ဖက်နိုင်ငံရဲ့ အာဏာရ ပါတီ ပြောင်းလဲမှုကြောင့် ထိခိုက်မှု ခံမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးပါတီ သံတမန်ရေးစနစ် ထူထောင်ရေး လုပ်ငန်းကို အဓိကထား ဆောင်ရွက်ပြီး၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံနဲ့ ဒေသမှ အဓိကနိုင်ငံရေးပါတီများနဲ့ ကူးလူးဖလှယ်ရေးစနစ်ကို ထူထောင်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီဟာ မြောက်ကိုးရီးယား နျူကလီးယားပြဿနာ ဖြေရှင်းမှု တွန်းအားပေးရေး၊ တောင်မြောက် ဆူဒန် ဆက်ဆံမှု ပြေလည်စေရေး စတဲ့ နိုင်ငံတကာနဲ့ဒေသဆိုင်ရာပြဿနာတွေ ကိုင်တွယ်ဖြေရှင်းရေးမှာ၊ နိုင်ငံရေးအင်အား အသီးသီးတို့နဲ့ ထိတွေ့ဆက်ဆံပြီး ကြားဝင်ဖျန်ဖြေပေးကာ၊ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မစ္စတာ ဟွမ်ကွမ်းဟွာ

    မစ္စတာ ဟွမ်ကွမ်းဟွာက၊ တရုတ်ပြည်ရဲ့ဖွဲ့ဖြိုးတိုးတက်မှုဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဗျူဟာများနဲ့ ခွဲမရဘူး၊ တရုတ်ကွန်မြူနစ်ပါတီကို နားလည်သိရှိခြင်းဟာ တရုတ်ပြည်ကို နားလည်သိရှိဖို့ သော့တစ်ချောင်း ဖြစ်တယ်လို့ နိုင်ငံခြား နိုင်ငံရေးပါတီ တော်တော်များများက ယူဆကြကြောင်း ဖေါ်ပြပါတယ်။

    ဂျာမဏီ ပါတီစုံ လွှတ်တော်အမတ်များကိုယ်စားလှယ်အဖွဲ့ဝင် အနေနဲ့ တရုတ်ပြည်ကို လာရောက်ခရီးလှည့်လည်ခဲ့ဖူးတဲ့ ဂျာမဏီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် လိုင်းပရေစီတ်က၊ တရုတ်ကွန်မြူနစ်ပါတီဟာ ပွင့်ပွင့်လင်းလင်း ဖြစ်တဲ့ ပါတီတစ်ရပ် ဖြစ်ပြီး နိုင်ငံအသီးသီးမှ အတွေးအခေါ် မတူကွဲပြားတဲ့ နိုင်ငံရေးပါတီများနဲ့ ကူးလူးဖလှယ်မှု ပြုလုပ်ကြောင်း၊ အဲဒါဟာ တရုတ်နဲ့ နိုင်ငံအသီးသီးမှ ပြည်သူများ အကြား နားလည်မှု တိုးမြှင့်လာစေပါကြောင်း ပြောကြားပါတယ်။

   Webradio