|
||||||||
|
|||||||||||||
တရုတ်နဲ့မြန်မာ
---စီအာအိုင် ကြိုင်ကြိုင်
မြန်မာ့ရိုးရာ၊အစားအစာ၊မုန့်ဟင်းခါးနဲ့၊
တရုတ်လက်ဖက်ခြောက်၊အကောင်းစားနဲ့၊
နှပ်လို့ ထားတဲ့၊၊
ဝူးလုံရေနွေးကြမ်းကိုလည်း၊
မြိန်ရည်ယှက်ရည်၊ စားလေ့ရှိတယ်။၊
တရုတ်ပိုးစ၊၊ အဆင်ဒီဇိုင်းလှလှလေးကို၊
မြန်မာ့ရိုးရာ၊ အကျီရင်ဖုံးနဲ့၊ ထဘီလေးကို၊
ဝမ်းဆက် ချုပ်ဝတ်၊ ပွဲလည်တင့်တယ်။
လူအများက၊ လှလိုက်တာလို့၊ ချီးကျူးတာကို၊
အမြဲခံရ၊ ၀မ်းသာဖူးတယ်။
တရုတ်ဟင်းဖြစ်တဲ့၊ ကြက်သားတောက်တောက်ကြော်နဲ့၊
မြန်မာ့အစားအစာ၊ မျှစ်ချဉ်ပေါင်ဟင်း၊
တွဲဖက်စားရာဝယ်၊
ထမင်းငါးပန်းတောင်၊ကုန်သွားတယ်၊
ပိုတယ်လို့တော့၊ မထင်နဲ့ကွယ်။
မြန်မာပြည်က၊နှစ်ထပ်တိုက်အိမ်ကြီးရဲ့၊
ဧည့်ခန်းကျယ်ဝယ်၊
မြန်မာ့ရိုးရာ၊ရွှေချည်ထိုးပန်းချီနဲ့၊
တရုတ်ကမ္ဘာကျော်၊၊ပိုးကော်ဇောပန်းချီကို၊
နံရံထက်ဝယ်၊ချိတ်တွယ်လို့ရယ်၊
လာသူတိုင်းက၊ တမေ့တမော၊ ကြည့်ရှုကြတယ်၊
တင့်တယ်လိုက်တာကွယ်လို့၊ ချီးကျူးတတ်တယ်။
တရုတ်ပုလဲ၊ ဖြူသွယ်လျရယ်၊
မြန်မာ့ကျောက်စိမ်း၊ ၀င်းပပနဲ့၊ တွဲကာသီလို့၊
လက်ဝတ်ရတနာအဖြစ်ဝတ်၊ပွဲတက်တော့ရယ်၊
လူတကာတိုင်းရဲ့၊ မျက်စိကျစရာ၊ ဖြစ်ခဲ့လို့ရယ်၊
ဂုဏ်ယူမိတယ်။
တရုတ်မြန်မာ၊ မြန်မာတရုတ်၊
အခက်အခဲ၊ အအောင်အမြင်၊ အချစ်အကြည်၊
ရောင်စုံသက်တံ့၊ တံတားပေါ်ဝယ်၊
အမြဲအတူ၊ လျှောက်လှမ်းလို့ရယ်၊
ဘယ်တော့မှလည်း၊ လက်တွဲမဖြုတ်ဘူး၊
လက်အချင်းချင်း၊ တင်းတင်းကြပ်ကြပ်၊
ဆုတ်ကိုင်ထားကြမယ်၊
တရုတ်မြန်မာ၊ ချစ်ကြည်ရေးရယ်၊
အဓွန့်ရှည်လို့၊
ကမ္ဘာကလည်း၊ ချီးကျူးကြမယ်၊
တို့ယုံတယ်။
|