|
||||||||
|
|||||||||||||
"တမ်းတမ်းတတနှင်း"
သဇင်ပန်းစီတဲ့၊ဆောင်းပန်းချီ၊
နှင်းမှုန်ဝေရီ၊ကြည်လင်အေးမြ၊
ဒီဆောင်းလ၀ယ်၊ရင်ဝယ်တမ်းတ၊
လွမ်းသတိရတယ်၊စီအာအိုင်ရယ်။
နှင်းခဲတွေစီနေမယ်၊
ပီကင်းကိုလည်းလွမ်းတယ်၊
မြူမှုန်တွေစိုင်းနေမယ့်၊
ရှန်ဟိုင်းကိုလည်းလွမ်းတယ်၊
နှင်းပွင့်တွေနီးနေမယ်၊
ရှီးယန်ကိုလည်းလွမ်းတယ်၊
ဒီလိုဆောင်းလမှာလေ၊
အားလုံးနဲ့အတူတူ၊
နှင်းဖတ်တွေနဲ့စော့ကစားရင်း၊
ဆုံဆည်းခွင့်ရဖို့၊ဆုတောင်းမိပါရဲ့၊
စီအာအိုင်ရယ်၊
တစ်ကြိမ်တစ်ခါပဲဖြစ်ဖြစ်ပေါ့ကွယ်
----------မီးငယ်သူသူအောင်
|