|
||||||||
|
|||||||||||||
အပြစ်မယူတဲ့ချစ်သူ
ဘ၀ရဲ့စာမျက်နှာတိုင်းမှာ၊
အလွမ်းတွေနဲ့ပြည့်နက်နေခဲ့တာ၊
မင်းနဲ့ပတ်သတ်ချိန်မှာလို့၊
တဖက်သတ်ရင်ဖွင့်ခဲ့ရင်၊
မင်းအပြစ်မတင်ပဲ၊
ခွင့်လွှတ်မယ်ဆိုတာ၊
တို့သိပါတယ်။
ရင်ထဲကခံစားမှုကို၊
ကဗျာလေးတပုဒ်နဲ့၊
ကမ္ဘာကျော်အောင်၊
ချယ်မှုန်းနိုင်ခဲ့မယ်ဆိုရင်၊
အဝေးကမင်းတစ်ယောက်၊
ပြုံးနေလောက်ရောပေါ့။
အခြေအနေမပေးလို့၊
တမြေဆီဝေးနေခိုက်၊
အလွမ်းတွေရင်မှာပိုက်၊
သတိရတမ်းတတိုင်းမှာ၊
အနားကိုအရောက်လာ၊
အားပေးရှာတဲ့ချစ်သူရယ်။
နီးစပ်ဖို့အရေးလက်မခံသးလည်း၊
ကံကြမ္မာကိုလွှဲ၊
ဇွဲမလျော့ပဲစောင့်စား၊
နားလည်ပေးသူအတွက်၊
ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာ၊
ရင်ထဲမှာရှိပြီးသားပါပဲကွယ်။
---သူသူခေါ်သူလေး
|