|
||||||||
|
|||||||||||||
ကြယ်စင်တခုသို့လွမ်းချင်း
တစ်ခါတစ်ခါ၊ ကောင်းကင်ပြာကိုငေးကြည့်ရင်း၊
ချစ်ခြင်းတစ်ခုမျှော်လင့်လို့၊
သူ့အကြောင်းတွေးခဲ့ဖူးတယ်၊
တခါတခါ၊ ရေပြာကမ်းစပ်နားမှာ၊
လိပ်ပြာတွေကိုငေး၊
သူ့အကြောင်းတွေးရင်း၊
ဆွေးခဲ့ဖူးတယ်။
တခါတခါ၊ ညနေဆည်းဆာရဲ့၊
လေညှင်းနဲ့အတူ၊သူရှိတဲ့၊
အရပ်မျှော်ကြည့်လို့၊
လွမ်းခဲ့ဖူးတယ်။
တခါတခါ၊ ညတွေမှာ၊
သူနဲ့ဆုံခွင့်ရဖို့၊
ကြယ်တွေကို၊ အာရုံပြု၊
ဆန်ဒတစ်ခုဆုတောင်းခဲ့ဖူးတယ်။
အခါပေါင်းများစွာ၊
အလွမ်းအဆွေးတွေကို၊
အဖော်ပြု၊
တမ်းတငေးမောမှုတွေနဲ့၊
ယိုင်နဲ့နဲ့ငါ့နှလုံးသားဟာလည်း၊
သူ့ကြောင့်၊ ကွဲအက်၊ ပြိုကျခဲ့ရတယ်။
--ယွန်းအိချို
|