|
||||||||
|
|||||||||||||
သူငယ်ချင်းသို့
အို--သူငယ်ချင်း၊ပြဒါးပြယ်မှန်တချပ်လို၊
အနာဂတ်အတွက်၊တွေးမပူနဲ့၊
လမ်းတွေက၊
ဖိနပ်မပါလည်းခွင့်ပြုတယ်။
အောင်မြင်မှုကကြိုးစားသူအတွက်၊
တံခါးဖွင့်လျက်ရယ်။
ဒီလောက--ဒီတခွင်မှာ၊
သူငယ်ချင်းကို၊မိုးယံကကြယ်တပွင့်လို၊
လင်းလက်စေချင်တယ်။
----စပယ်ဖြူ
|