• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆွေးနွေးပွဲကျင်းပခြင်းဖြင့် တောင်ပင်လယ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံက အဆိုပြု

(GMT+08:00) 2012-03-06 17:17:12

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ယန်ကျယ်ချီး

အစည်းအဝေးခန်းမသို့ ဝင်လာစဉ်

 

၁၁-ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့၆-ရက်နေ့နံနက်ပိုင်းက ပီကင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ယန်ကျယ်ချီး က၊ ဆွေးနွေးပွဲကျင်းပခြင်းဖြင့် တောင်ပင်လယ်အငြင်းပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် အဆိုပြုကြောင်း၊ အငြင်းပွားမှုကိုကိုင်တွယ်မဖြေရှင်းမီယင်းအငြင်းပွားမှုကိုဘေးဖယ်ထားပြီး အတူတကွဖော်ထုတ်ဖွံ့ဖြိုးနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်း အရ သိရပါသည်။

 

             

၁၁-ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး  သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်

   

အာရှ-ပစိဖိတ်ဒေသတည်ဆောက်ရေးဆိုင်ရာ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ရာတွင် ဝန်ကြီး ယန်ကျယ်ချီး က၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား အာရှ- ပစိဖိတ်ဒေသတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်ရန် ကြိုဆိုကြောင်း၊ အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် အလေးထားခြင်းကို လေးစားရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။ 

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ယန်ကျယ်ချီး

   Webradio