• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနာဂတ်တရုတ်ပြည်၏စီးပွားရေးအခွင့်ကောင်းသည် စိန်ခေါ်မှုထက် ပိုမိုများပြား

(GMT+08:00) 2012-03-04 17:59:54

 

၁၁-ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး သည် ယနေ့၎-ရက်နေ့တွင် ပီကင်းမြို့တွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ အစည်း အဝေးမှ ပြောရေးဆိုခွင့်ရှိသူ လီဇောက်ရှင် က တရုတ်ပြည်၏စီပွားရေးရှေ့အလားအလာ နှင့်ပတ်သက်သော ပါကစ္စတန်သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ရာတွင်၊ အနာဂတ်တရုတ်ပြည်၏စီးပွားရေးအခွင့်ကောင်းသည် စိန်ခေါ်မှုထက် ပိုမိုများပြား ကြောင်း၊ တရုတ်ပြည်အနေဖြင့် နိုင်ငံတကာမိသားစုကြီးနှင့်အတူ ငွေကြေးအကျပ်အတည်း ၏ဂယက်ရိုက်ခတ်မှုကို ရင်ဆိုင်လိုကြောင်း ပြောကြားပါသည်။

 

 

တရုတ်ပြည်၏စစ်ရေးဆိုင်ရာအသုံးစရိတ်တိုးတက်များပြားလာခြင်းနှင့်ပတ်သက်သော မေးမြန်းချက်ကိုပြန်လည်ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ လီဇောက်ရှင် က၊ GDPတွင် တရုတ်ပြည်၏ ကာကွယ်ရေးအသုံးစရိတ်နှုန်းမှာ ၁.၂၈-ရာခိုင်နှုန်းသာဖစ်ကြောင်း၊ အမေရိကန်နှင့်ဗြိတိန်စသည့်နိုင်ငံများထက် နိမ့်နေကြောင်း၊ အခြားနိုင်ငံကို ခြိမ်းခြောက် အန္တရာယ်ပေးမည်မဟုတ်ကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ၄င်းက၊ ယခုအကြိမ်အစည်းအဝေးသို့ တင်သွင်းစိစစ်မည့် ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုရေးဥပဒေပြင်ဆင်ရေးမူကြမ်းမှာ လူ့အခွင့်အရေးလေးစားခြင်း နှင့် အာမခံပေးခြင်းမူများကို ပေါ်လွင်စေမည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

   Webradio