• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ်(ဝင်ကျာပေါင်)က အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ထွက်ခွါ။

(GMT+08:00) 2011-11-18 18:49:08

    တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်( ဝင်ကျာပေါင်) သည် ၁၄-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေးထားရှိသည့် နှစ်(၂၀)ပြည့် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး၊ ၁၄-ကြိမ်မြောက် အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုးရီးယားသုံးနိုင်ငံ ထိပ်သီးအစည်းအဝေး၊  ဆဌမအကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းဝေး နှင့် တရုတ် ဂျပန် တောင်ကိုးရီးယားထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ရန် ယနေ့ ၁၇-ရက်နေ့တွင် ပေကျင်းမြို့မှ ထွက်ခွါပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ရောက်ရှိ ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

    ဝန်ကြီးချုပ်(ဝင်ကျာပေါင်)သည်ယခုတစ်ကြိမ်တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတွင် နှစ်ဖက်အကြား နိုင်ငံရေး၊ စီးပွါးကုန်သွယ်ရေး၊ အပြန်အလှန်ဆက်ဆံရေးနှင့် လူမှုရေးစသည့်နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် အဆိုပြုချက်တင်သွင်းမည်ဖြစ်ကြောင်း၊  အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ဒေသနှင့် နိုင်ငံတကာအခြေအနေတို့နှင့်ပတ်သက်၍ ဘက်အသီးသီးတို့နှင့် သဘောထားချင်းညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း သတင်းအရသိရပါသည်။

   Webradio