• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၁ရက်နေ့တွင် ကျင်းပမည်

(GMT+08:00) 2011-10-21 15:04:56

 

အဌမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ယခုလ ၂၁ရက်နေ့မှ ၂၆ရက် နေ့အထိ တရုတ်ပြည်ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ယင်းပြပွဲ၏ ဆောင်ပုဒ်မှာ"တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုန်နယ် တည်ထောင်ရေး တွန်းအားပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာအခွင့်အလမ်းတွင် အတူအကျိုးခံစားခြင်း"ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံနှင့် အခြားနိုင်ငံများ၏ပြခန်းနေရာ စုစုပေါင်း ၁၂၁၀ခုရှိကာ၊ ၆နိုင်ငံတို့က ပြခန်းဆောင်ဖြင့် ခင်းကျင်းပြသမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါ သည်။

အဌမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ၁၁နိုင်ငံမှ ဆွဲဆောင်မှုအရှိဆုံး သောမြို့များမှာ တရုတ်(ဟိုင်နန်ပြည်နယ်)၊ ဘရူနိုင်း (ဘန်ဒါဆရီဘဂ္ဂ၀မ်)၊ ကမ္ဘောဒီးယား (ရတနာ ဂီရိ)၊ အင်ဒိုနီးရှား (ပဖူဘရာပြည်နယ်)၊ လာအို (ခုန်အမ် ချယ်ဖာစိုင်ပြည်နယ်)၊ မလေးရှား (နယ်ဂေရီ ကြိုဟို)၊ မြန်မာ (နေပြည်တော်)၊ ဖိလစ်ပိုင် (ဖူလ်ထို ဖလင်စေဆာ)၊ စင်္ကာပူ (စင်္ကာပူမြို့)၊ ထိုင်း (ခုန်ခမ်)နှင့် ဗီယက်နမ် (ဟိုအမ်)တို့ဖြစ်ကြောင်း သိရပါသည်။

ဆက်လက်၍၊ ယမန်နေ့ ၁၉ရက်နေ့တွင် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ၊ လာအိုနိုင်ငံဒုဝန်ကြီးချုပ် (စိုဆာဗာ လင်ဆာဗာ)က ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် နန်နင်းမြို့သို့ ရောက်ရှိပြီး၊ ၂၁ရက်နေ့တွင်ကျင်းပမည့် အဌမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်အဌမအကြိမ်မြောက် တရုတ်-အာဆီယံရင်နှီးမြှုပ်နှံမှုထိပ် သီးအစည်းဝေးသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရပါ သည်။

 

   Webradio