• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အထောက်အပံ့ ကယ်ဆယ်ရေး ပစ္စည်းများ ဖိလစ်ပိုင်သို့ ရောက်ရှိ

(GMT+08:00) 2013-11-19 16:47:03

    ဟိုင်ယန့် တိုင်ဖုန်း မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင် ဘေးသင့်ဒေသများကို တရုတ်အစိုးရအနေနှင့် ထောက်ပံ့ပေးသော ပထမအသုတ် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများသည် ယမန်နေ့ ၁၈-ရက်နေ့ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသရှိ ဆယ်ဘူမြို့လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

    တရုတ်အစိုးရ၏ ကူညီထောက်ပံ့မှု စုစုပေါင်းမှာ တရုတ်ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိပြီး ဒုတိယအသုတ် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများမှာ ယနေ့ ၁၉-ရက်နေ့ နံနက်ပိုင်းက ဆယ်ဘူလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချင်ကန်က တရုတ်ပြည်မှ အရေးပေါ် ဆေးကုသမှု အသင်းသည် ဖိလစ်ပိုင် ဘေးသင့်ဒေသများသို့ သွားရောက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယမန်နေ့ ၁၈-ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

ကမ္ဘာ့ဘဏ်သည် ဖိလစ်ပိုင်းနိုင်ငံအား အရေးပေါ်ချေးငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ကို ထုတ်ပေးပြီး ဟိုင်ယန့် တိုင်ဖုန်း မုန်တိုင်းဒဏ်ခံ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်မည်ဖြစ်ကြောင်း ယမန်နေ့ ၁၈-ရက်နေ့က ထုတ်ပြန်ကျေညာခဲ့ကြောင်း သတင်းအရ သိရပါသည်။

 

   Webradio