• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမြို့၏မြေအောက်ရထား

(GMT+08:00) 2011-11-03 16:31:04

  

 

တရုတ်နိုင်ငံသည် ၁၉၅၈ခုနှစ်က ပီကင်း၊ရှန်ဟိုင်းနှင့်စင်ယန်း မြို့ကြီး၃-မြို့တွင် မြေအောက်ရထား ဆောက်လုပ်ဖို့ စီမံကိန်းချမှတ်းခဲ့ပါတယ်။၁၉၆၅-ခုနှစ်က ပီကင်းမြို့တွင် ပထမအဆင့် မြေအောက်ရထားလိုင်းဆောက်လုပ်မှုလုပ်ငန်းကို ဖေါ်ဆောင်ခဲ့ပြီး အလျားပေါင်း ၂၃့၆ကီလိုမီတာရှည်လျားပါတယ်။ ဒုတိယအဆင့်ဆောက်လုပ်မှုလုပ်ငန်းကိုလည်း ၁၉၆၉-ခုနှစ်က စတင်ဖေါ်ဆောင် ခဲ့ခြင်းဖြစ်ပြီး အလျားပေါင်း၁၇့၂ကီလိုမီတာ ရှိပါတယ်။၁၉၈၁-ခုနှစ်စက်တင် ဘာလ၁၅-ရက်နေ့ကစပြီး ပီကင်းမြေအောက်ရထားလိုင်း တစ်လျှောက်လုံး တရားဝင်လည်ပတ်ခဲ့ပါတယ်။

     အခုပီကင်းမြို့တွင်ဖွင့်လှစ်ခဲ့ပြီဖြစ်တဲ့ မြေအောက်ရထားလိုင်းတွေက အမှတ်-၁လိုင်း၊အမှတ်-၂လိုင်း၊အမှတ်-၅လိုင်း၊အမှတ်၈-လိုင်း၊အမှတ်၁၀-လိုင်း၊အမှတ်၁၃-လိုင်းနှင့်(ဘားထုန်း)လိုင်းတို့ဖြစ်ကြပြီး စုစုပေါင်း ကီလိုမီတာ၂၀၀ရှည်လျားကာ၊နေ့စဉ်နေ့တိုင်း ခရီးသည်ဦးရေ၁-သန်း၅-သိန်း ကို သယ်ယူပို့ဆောင်ပေးနေပါတယ်။

   

   Webradio