ပီကင်းမြို့ပြတိုက်တွေထဲမှာ ခေတ်မီတဲ့ သိပံ္ပနဲ့နည်းပညာဆိုင်ရာပြတိုက်တွေလည်း အမျိုးစုံရှိပါသေးတယ်။ လွန်ခဲ့တဲ့ရာစုနှစ်၈၀စုနှစ်အနှောင်းပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ တရုတ်နိုင်ငံသိပ္ပံနဲ့ နည်းပညာပြတိုက်မှာ တရုတ်ရှေးဟောင်းခေတ်ရိုးရာနည်းပညာ များခင်းကျင်းပြသ ထားပါတယ်။ ဒါအပြင် မက္ကင်းနစ်၊ အသံပညာ၊ အလင်းပညာ၊ လျှပ်စစ်သံလိုက်ပညာ၊ နျူကလီယားစွမ်းအင်ပညာစတဲ့ ပညာရပ်ဆိုင်ရာ အခြေခံ သဘောတရားနဲ့ အောင်မြင်မှုပြတိုက်၊ ရှေးခေတ်နက္ခတ်မျှော်စင်စတာတွေ လည်းရှိ ပါတယ်။
ပီကင်းမြို့ရဲ့ နက္ခတ္တဗေဒပြတိုက်ကို ၁၉၅၇ခုနှစ်အောက်တိုဘာလကဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။နက္ခတ္တသရုပ်ပြခန်း၊ နက္ခတ္တပညာပြခန်းနဲ့ နေအမည်းကွက်စူးစမ်းလေ့လာ ရေးမျှော်စင်တို့ ရှိပါတယ်။ နက္ခတ္တဗေဒပြတိုက်ဟာများပြာလှတဲ့ နက္ခတ္တဗေဒစိတ်ဝင်စား တဲ့ လူငယ်တို့ရဲ့ ပျော်မွေ့ရာနေရာလဲဖြစ်ပါတယ်။
လေကြောင်းနဲ့အာကာသတက္ကသိုလ်ခြံဝင်ထဲမှာ လေကြောင်းပြတိုက်ရှိတယ်။
နိုင်ငံအသီးသီးက ခေတ်ကာလအလျောက်ထုတ်လုပ်ထားတဲ့ လေယဉ်ပုံစံနဲ့ လေယာဉ် အစိတ် အပိုင်းများကို ပြသထားပါတယ်။လေကြောင်းပြခန်းမှာ ကမ္ဘာလေကြောင်း သမိုင်းနဲ့ တရုတ်နိုင်ငံလေကြောင်းစက်မှုလုပ်ငန်းသမိုင်းကို ပြသထားပါတယ်။ ဒါအပြင် ပြခန်းမှာ ပီကင်းလေကြောင်းနဲ့ အာကာသတက္ကသိုလ်ဒီဇိုင်းရေးဆွဲထုတ်လုပ်တဲ့ ပီကင်းအမှတ်(၁) အပေါ့စား လေယာဉ်ကိုလည်း ပြသထားပါတယ်။
ပြတိုက်ဆိုတာဟာ နိုင်ငံသမိုင်း၊ ယဉ်ကျေးမှုနဲ့ အောင်မြင်မှုကို ပြသတဲ့ ပြတင်းပေါက်ဖြစ် ရုံသာမက လူသားတို့အတွက် ဗဟုသုတတိုးပွါးစေတဲ့နေရာလည်း ဖြစ်ပါတယ်။ ပြတိုက်နည်းခြင်း၊ များခြင်းကိုကြည့်လျှင်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ယဉ်ကျေးမှုစတဲ့ ဘက်မှာ ဘယလောက်အထိ ဖွံ့ဖြိုးတိုးတက်နေတယ် ဆိုတာ ကို သိရှိနိုင်ပါတယ်။