• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နေတိုးအဖွဲ့သည် ပင်လယ်နက်ဒေသတွင် စစ်ရေးလှုပ်ရှားမှုတိုးချဲ့ဆောင်ရွက်ခြင်းအပေါ် ရုရှားပြစ်တင်

(GMT+08:00) 2019-03-20 17:32:32

ယခုလ၁၉ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌါနက နေတိုးအဖွဲ့၏ ပင်လယ်နက်ဒေသတွင် စစ်ရေးလှုပ်ရှားမှု တိုးချဲ့ဆောင်ရွက်နေခြင်းကို ပြစ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ထိုနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌါနဝက်ဆိုက်မှ ကြေညာချက်တစ်ရပ်ကို ထုတ်ပြနခဲ့ရာ နေတိုးအဖွဲ့၏လုပ်ရပ်များသည် ပင်လယ်နက်ဒေသကို စစ်ရေးဒေသဖြစ်စေ နေကြောင်း၊ နေတိုးအဖွဲ့မှ စစ်သင်္ဘောများသည် ပင်လယ်နက်ဒေသတွင် နေခဲ့သည့်အချိန်သည် ၂၀၁၇ခုနှစ်က ရက်၈၀ဖြစ်ရာမှ ရက်၁၂၀အထိ တိုးများလာခဲ့ကြောင်း၊ ထို့အပြင် နေတိုးအဖွဲ့သည် ပင်လယ်နက်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ တက်ကြွစွာ ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio