• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ချီဆန်းသည် ဖိလစ်ပိုင်အစိုးရကိုယ်စားလှယ်အဖွဲ့၊ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် အသီးသီး တွေ့ဆုံ

(GMT+08:00) 2019-03-20 11:27:17

      တရုတ်နိုင်ငံတော် ဒု ဥက္ကဋ္ဌ ဝမ်ချီဆန်းသည်၊ ယခုလ ၁၉ ရက်နေ့က ပီကင်းတွင် နိုင်ငံခြားရေးဝန်ကြီး Lochenနှင့် ဘဏ္ဍာရေးဝန်ကြီး  Medialdea တို့ အပါအဝင် ဖိလစ်ပိုင် အစိုးရကိုယ်စားလှယ်အဖွဲ့၊ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး Qureshi တို့နှင့် အသီးသီး တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဖိလစ်ပိုင်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ရာ၌ ဝမ်ချီဆန်းက၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ကောင်းမွန်စွာ ဖွံ့ဖြိုးခြင်းသည်၊ နှစ်နိုင်ငံပြည်သူများအကြား နှစ်ကာလ ရှည်ကြာပြီး ချစ်ခင်ရင်းနှီး သော ပေါင်းသင်းဆက်ဆံရေးသမိုင်းမှ အကျိုးကျေးဇူး ရရှိခြင်း ဖြစ်ရုံသာမက၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုမှ တစ်ဆင့် အကျိုးကျေးဇူးရရှိခြင်းလည်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

Qureshiနှင့် တွေ့ဆုံခဲ့ရာ၌ ဝမ်ချီဆန်းက တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးသည် အချိန်ကာလကြာမြင့်စွာ နိုင်ငံတကာအခြေအနေပြောင်းလဲခြင်းမှ  စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ခဲ့ပြီး၊ နှစ်နိုင်ငံ ပြည်သူများ၏ စိတ်ရင်းမှန်ဖြင့် ထောက်ခံမှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio