• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားသည် ဆီးရီးယား အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆက်လက် ထောက်ခံမည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီး ဆို

(GMT+08:00) 2019-03-20 11:15:20

ဆီးရီးယား သမ္မတ ဘာရှာလ် အာဆာဒ်သည် ၁၉ရက်နေ့က အလည်အပတ် ရောက်ရှိလာသော ရုရှား နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီး ရှိုယိကူနှင့် တွေ့ဆုံပြီး နှစ်ဖက် ဆက်ဆံရေး၊ ဆီးရီးယား အခြေအနေ နောက်ဆုံးတိုးတက်မှု နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း၊ ရုရှားနိုင်ငံသည် ဆီးရီးယားအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆက်လက် ထောက်ခံမည်ဟု ရှိုယိကူက ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရပါသည်။

စစ်ရေး၊ နိုင်ငံရေး စသော နယ်ပယ်များ၌ ရုရှားနှင့်ဆီးရီးယား နှစ်ဖက်တို့၏ ပူးတွဲ ဆောင်ရွက်မှုများ နှင့် အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်မှုများသည် ဆီးရီးယား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် လွန်စွာ သော့ချက်ကျကြောင်း ဘာရှာလ်က ပြောကြားခဲ့သည်ဟု ဆီးရီးယား သတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

   Webradio