• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ်အတွင်း HUAWEI တင်ထားသော မူပိုင်ခွင့်ဆိုင်ရာ လျှောက်လွှာပမာဏ ကမ္ဘာ့အများဆုံးဖြစ်

(GMT+08:00) 2019-03-20 10:12:51

        ယခုလ ၁၉ ရက်နေ့က ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့ ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာအရ ၂၀၁၈ခုနှစ်အတွင်း နိုင်ငံအသီးသီးမှ မူပိုင်ခွင့်ဆိုင်ရာ လျှောက်လွှာပမာဏမှာ ၂၅၀၀၀၀ ကျော်ရှိပြီး ၂၀၁၇ခုနှစ်ကထက် ၃့၉ ရာခိုင်နှုန်း တိုးများလာကာ စံချိန်သစ် ထိုးဖောက်ခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့မှတစ်ဆင့် တင်သွင်းသော နိုင်ငံအသီးသီးမှ မူပိုင်ခွင့်ဆိုင်ရာ လျှောက်လွှာများထဲတွင် အာရှတိုက်မှ တင်သွင်းသော လျှောက်လွှာပမာဏ ထက်ဝက်ရှိကြောင်း၊ ၄င်းအနက် တရုတ်ပြည်မှ HUAWEI ကုမ္ပဏီ တင်သွင်းသော မူပိုင်ခွင့်ဆိုင်ရာ လျှောက်လွှာပမာဏသည် လုပ်ငန်းကုမ္ပဏီများထဲတွင် အများဆုံးပင်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio