• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စာသင်ကျောင်းများ နိုင်ငံရေး အတွေးအခေါ်၊ အယူဝါဒ သင်တန်း ဆိုင်ရာ ဆရာ ဆရာမများ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ

(GMT+08:00) 2019-03-19 09:26:56

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့က ပီကင်း၌ စာသင်ကျောင်းများ နိုင်ငံရေး အတွေးအခေါ်၊ အယူဝါဒ သင်တန်း ဆိုင်ရာ ဆရာ ဆရာမများ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားပြီး၊ တစ်ပြည်လုံး တက္ကသိုလ်ကောလိပ်ကျောင်း၊ အထက်တန်း အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းမှ နိုင်ငံရေး အတွေးအခေါ်၊ သဘောတရား သင်ပြသော ဆရာ ဆရာမများအား စိတ်ရင်းစေတနာဖြင့် နှုတ်ခွန်းဆက်သပြီး မွန်မြတ်သော ရိုသေလေးစားမှုကိုလည်း ဖေါ်ပြထားပါသည်။

ရှီကျင့်ဖိန်က၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ် ဖြစ်ပြီး တရုတ် အမျိုးသား၏ မျှော်လင့်ချက်ပင် ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများ၏ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်း၊ အယူဝါဒ၊ နိုင်ငံရေး စနစ်၊ ယဉ်ကျေးမှု အပေါ် ယုံကြည်စိတ် ခိုင်မာအောင် သင်ကြားရမည် ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားများ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်၊ အင်အား တောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေး စိတ်ဓါတ်များဖြင့်၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လုပ်ငန်းနှင့် ဆိုရှယ်လစ် ခေတ်မီ နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ဆင်နွှဲရန်၊ အမျိုးသား ရှင်သန်ရေး လုပ်ငန်းအတွက် ကြိုးပမ်းဆောင်ရွက်ရန် သင်ကြားရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)

   Webradio