• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဖူကျန့်ပြည်နယ်ကျင့်ကျန်းမြို့ စီးပွားကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့၏ဖိလစ်ပိုင် ခရီးစဉ်သည် တရုတ်-ဖိလစ်ပိုင်အကြားပူးပေါင်းဆောင်ရွက်မှုတွန်းအားပေး

(GMT+08:00) 2019-03-18 15:50:31

ယမန်နေ့ ၁၇ရက်နေ့က တရုတ်နိုင်ငံချွမ်ကျိုးမြို့ပါတီကော်မတီ အမြဲတမ်း အဖွဲ့ဝင်၊ ကျင့်ကျမ်းမြို့ ပါတီကော်မတီအတွင်းရေးမှူး လျူဝင်ယူဦးဆောင်သည့် ဖူကျန့်ပြည်နယ်ကျင့်ကျန်း ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်လူဇုံကျွန်းတွင် ကြည့်ရှုလေ့လာ၍ တွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက်ခဲ့ကြောင်း၊ ဒေသနှစ်ခုအကြား စီးပွားကုန်သွယ်ရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ တွန်းအားပေးကြောင်းတရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

  ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီးထန်ချင်ရှန်းသည် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံးရာတွင် ဒေသအစိုးရအကြားပူးပေါင်းဖလှယ်ရေးသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသောအစိတ်အပိုင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကျင့်ကျမ်းနှင့် ဖိလစ်ပိုင်အကြားပူးပေါင်းဆောင်ရေးအစီအစဉ်များကို အစွမ်းကုန် ကူညီထောက်ခံပေးပြီး ဒေသများအကြားပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းကုမ္ပဏီများ၏  ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကောင်းမွန်စွာဝန်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio