• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်ရေးတွင် တတိယဘက်ဈေးကွက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည်

(GMT+08:00) 2019-03-18 13:22:02

Belt and Road အဆိုပြုချက်ကို တင်ပြခဲ့ခြင်းမှာ ခြောက်နှစ် ကြာမြင့်ပါပြီ။ တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုအတွင်းရေးမှူးချုပ် ကျိုးရှောင်ဖေးက၊ Belt and Road တည်ဆောက်ရေးတွင် အရေးကြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် တတိယဘက် ဈေးကွက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် တိုးချဲ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ၄င်းက၊ Belt and Road တစ်လျှောက် နိုင်ငံများမှ လုပ်ငန်းကုမ္ပဏီများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ လုပ်ငန်းကုမ္ပဏီများ၊ အကြီးစား နိုင်ငံတကာ ကော်ပိုရေးရှင်းများ၊ နိုင်ငံတကာ ငွေကြေးဌာနများနှင့် ဝန်ဆောင်မှုပေးရေး လုပ်ငန်းဌာနများက Belt and Road တည်ဆောက်ရေးတွင် ပါဝင်ရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည်၏ အားကောင်းသော စက်မှု ကုန်ထုတ်စွမ်းအားနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ခေတ်မီ နည်းပညာ၊ စက်ကိရိယာများ၊ စီမံခန့်ခွဲရေး အတွေ့အကြုံများနှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဈေးကွက် ဖွံ့ဖြိုးရေးကို လက်တွဲ ဖေါ်ထုတ်ကာ အပြန်အလှန် အကျိုးရှိစေရေးကို ဖေါ်ဆောင်ကြရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio