• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ကောင်စီသည် ရှင်းကျန်းဒေသ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစွန်းရောက်မှု ဖျက်ရေးနှင့် လူ့အခွင့်အရေး အာမခံပေးရေး စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2019-03-18 11:47:01

စက္ကူဖြူစာတမ်းတွင်၊ အချိန်ပိုင်းတစ်ပိုင်းအတွင်း တရုတ်ပြည် ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် တိုင်းရင်းသား သွေးခွဲရေးအင်အား၊ ဘာသာရေး အစွန်းရောက် အင်အားနှင့် အကြမ်းဖက် အင်အားများ၏ ထိခိုက်မှုများကို ပြင်းထန်ဆိုးရွာစွာ ခံခဲ့ရပြီး အကြမ်းဖက် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းသည် တိုင်းရင်းသားလူမျိုးစု အသီးသီးမှ ပြည်သူများ၏ အသက်စည်းစိမ်များအပေါ် အန္တရာယ်များ ဆိုးဝါးစွာ ဖြစ်စေပြီး လူသားများ၏ ဂုဏ်သရေကိုလည်း ပြင်းပြင်းထန်ထန် နင်းချေ ခဲ့ကြောင်း၊ အကြမ်းဖက်ဝါဒများကို ရင်ဆိုင်လျက်၊ ရှင်းကျန်းဒေသသည် ဥပဒေနှင့်အညီ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်မှု ဖျက်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွါးရန် အရှိန်ကို ထိရောက်စွာ တားဆီးနိုင်ပြီး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူလူထုများ၏ အသက်ရှင်နေထိုင်ရေးနှင့် ဖွံ့ဖြိုးရေး အခွင့်အရေး အပါအဝင် အခြေခံ အခွင့်အရေးများကို အတတ်နိုင်ဆုံး အာမခံပေးနေခဲ့ကြောင်း ရေးသားထားပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံသည် ဆိုရှယ်လစ် ဥပဒေ စိုးမိုးရေးနိုင်ငံ ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစား အာမခံပေးရေးသည် တရုတ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ မူ ဖြစ်ကြောင်း၊ ရှင်းကျန်းဒေသ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်မှု ဖျက်ရေး လုပ်ငန်းသည် နိုင်ငံတကာ မိသားစုကြီး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်း၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ပြီး ကုလသမဂ္ဂ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အခြေခံ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ရည်မှန်းချက်နှင့် မူများနှင့် လုံးဝ ကိုက်ညီ ပါကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio