• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအသုတ် ဆင်းရဲမှု ပပျောက်စေရေးဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း ထုတ်လုပ်ရေး လက်မှုအလုပ်ရုံများ ရှီးဇန့်ဒေသတွင် ထားရှိ

(GMT+08:00) 2019-03-18 11:08:45

      ပထမအသုတ်ဖြစ်သည့် ဆင်းရဲမှု ပပျောက်စေရေးဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထုတ်လုပ်ရေး လက်မှုအလုပ်ရုံ ၁၀ ခု ကို ယခုလ ၁၆ ရက်နေ့က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် စတင် ဆိုင်းဘုတ်ချိတ်ထားကြောင်း၊ ယင်းလက်မှု အလုပ်ရုံများတွင် ဇန့် အမွှေးတိုင်၊ ရှီးဇန့်ဒေသထွက် စက္ကူ၊ ဇန့် အိုးစည်နှင့် ဇန့် သစ်ထွင်းပန်းပုစသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသာဖော်ပြသည်။

ယင်းကဲ့သို့သော ဆင်းရဲမှု ပပျောက်စေရေးဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း ထုတ်လုပ်ရေး လက်မှုအလုပ်ရုံများ တည်ဆောက်ထားရှိခြင်းသည်၊ ဒေသခံ ပြည်သူများအား လက်မှုအနုပညာကို သင်ကြားပို့ချပေးနိုင်ရုံသာမက၊ ၄င်းတို့၏ ဝင်ငွေများ ကိုလည်း တိုးများစေနိုင်မည်ဖြစ်သည်ဟု သတင်းအရသိရသည်။

   Webradio