• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် NPC&CPPCCအကြောင်းကို ထိုင်းဒုဝန်ကြီးချုပ်ပြောဆို

(GMT+08:00) 2019-03-14 14:56:52

ယခုနှစ်တွင် တရုတ်နိုင်ငံ၌ကျင်းပသည့်NPC&CPPCCသည် တစ်ကမ္ဘာလုံး၏အာရုံဆွဲဆောင်လာ ကြောင်း၊ မကြာမီက ထိုင်းနိုင်ငံဒုဝန်ကြီးချုပ် ဝီစာနူသည် တရုတ် NPC&CPPCCတွင် လူအများအာရုံစူးစိုက်ရာကိစ္စများနှင့်ပတ်သက်၍ တရုတ်သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ ဝီစာနူက ထိုင်းနိုင်ငံအစိုးရ သည် နှစ်စဉ်ကျင်းပသောတရုတ် NPC&CPPCCကို အာရုံစူးစိုက်လေ့ရှိပြီး အထူးသဖြင့်တရုတ်အစိုးရ၏လက်တွေ့ကျဆောင်ရွက်မှုများကိုပိုမိုအာရုံပြုစိုက်ကြောင်း၊ ယမန်နှစ်တွင် မိမိတို့သည် တရုတ် "Belt and Road "အဆိုပြုချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးပေါ်လစီစသည်တို့ကို ပိုမိုသိရှိနားလည်ပြီး ယခုနှစ်တွင် တရုတ် NPC&CPPCCမှ ရရှိသော ပေါ်လစီသစ်နှင့်ဆောင်ရွက်မှုသစ်များကိုလည်းဆက်လက် ဘက်စုံ လေ့လာ မည်ဖြစ်ကြောင်း၊တရုတ်NPC&CPPCCကျင်းပပြီးနောက် အစိုးရ၏လက်တွေ့ကျဆောင်ရွက်မှုများက နိုင်ငံတော်၏ဖွံ့ဖြိုးရေးအတွက်ပြောင်းလဲမှုများနှင့်ကမ္ဘာ့အတွက်အကျိုးသက်ရောက်မှုများသည် အစည်း အဝေးထက်ပိုမိုအရေးသည်ဟုယူဆကြောင်းပြောကြားသည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio