• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်-မြောက် ကိုရီးယားဆက်ဆံမှုဆိုင်ရာ တောင်ကိုးရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက ဖော်ပြ

(GMT+08:00) 2019-03-13 16:39:24

      ယခုလ ၁၂ ရက်နေ့က တောင်ကိုးရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနသည်၊ ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံကိန်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ၌၊ ယခုနှစ်တွင် ဆက်တိုက်ဖွံ့ဖြိုး နိုင်သော တောင်-မြောက်ကိုရီးယားဆက်ဆံမှုတိုးတက်စေခြင်းဖြင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်း ရေးနှင့် စည်ပင်သာယာရေးအတွက် အခြေခံအုတ်မြစ် ချပေးမည်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယင်းအစီရင်ခံစာအရ၊ ယခုနှစ်အတွင်း တောင်ကိုးရီးယားပေါင်းစည်းရေး ဝန်ကြီးဌာန ၏ အဓိကလုပ်ငန်းတစ်ရပ်မှာ တောင်-မြောက်ကိုရီးယားစေ့စပ်ဆွေးနွေးပွဲ ကျင်းပရန် ဆက်လက်တွန်းအားပေးခြင်းဖြင့်၊ မြောက်ကိုးရီးယား-အမေရိကန်ဆွေးနွေးမှုကို တစ်ဆင့် တိုး ကျားကန်ပေးရန်ဖြစ်ပြီး၊ တောင်-မြောက်ကိုရီးယားဆက်ဆံမှုဖွဲ့ဖြိုးစေရန်နှင့် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေးဖြစ်စဉ် ကောင်းမွန်စွာ လည်ပတ်စေ ရန်ဖြစ်ကြောင်း သတင်းအရသိရသည်။

   Webradio