|
||||||||
|
|||||||||||||
ဗြိတိန် အောက်လွှတ်တော်သည် ဗြိတိန်အစိုးရဌာနနှင့် ဥရောပသမဂ္ဂတို့ ရရှိခဲ့သော "ဥရောပသမဂ္ဂမှ ထွက်ခွါရေး"စာချုပ်ကို ၁၂ရက်နေ့က မဲပေးခဲ့ပြီး ထပ်မံငြင်းပယ်ခဲ့ကြောင်း၊ ဂျာမဏီဝန်ကြီးချုပ် မာကယ်က ဥရောပသမဂ္ဂအနေနှင့် "ဥရောပသမဂ္ဂမှ ထွက်ခွါရေး" စာချုပ်နှင့်ပတ်သက်၍ ထပ်မံ အလျှော့ပေးပြီး ဗြိတိန်၏ အလေးထားချက်ကို ထောက်ထားကာ ယင်းသည် ဥရောပသမဂ္ဂမှ တင်သွင်းသော နောက်ဆုံး အဆိုပြုချက် ဖြစ်သည်ဟု ထိုနေ့တွင် ပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။
ယင်းစာချုပ်တွင် အိုင်ယာလန်နယ်နိမိတ်ပြဿနာဆိုင်ရာ အကြောင်းအရာများကြောင့် ဗြိတိန်နိုင်ငံ မြောက်အိုင်ယာလန်ဒေသကို ဥရောပသမဂ္ဂထဲ၌ ဆက်လက်တည်ရှိနိုင်မည် အပေါ် ဖြစ်စေရန် စိုးရိမ်သောကြောင့် ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် နှင့် မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ လွှတ်တော်အမတ် အချို့သည် ကန့်ကွက်မဲပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
|