• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန် ပြည်တွင်း နိုင်ငံရေးဆွေးနွေးပွဲ တွန်းအားပေးရန်နှင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပရေး ထောက်ခံရန် တရုတ်ပန်ကြား

(GMT+08:00) 2019-03-13 10:57:47

        ယခုလ ၁၁ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ယာယီတာဝန်ခံ ဝူဟိုင်ထောင်က အာဖဂန် ပြဿနာဆိုင်ရာ တံခါးဖွင့် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ရာ အာဖဂန် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးပွဲ တွန်းအားပေးရန်နှင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပရေး ထောက်ခံရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဝူဟိုင်ထောင်က အာဖဂန်နိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးသည် အာဖဂန် ပြည်သူများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့်အပြင် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အတွက်လည်း အရေးကြီးကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် ကတိပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး အာဖဂန်နိုင်ငံကို ဆက်လက် ပြတ်သားစွာ ထောက်ခံရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio