• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အီသီယိုးပီးယားနိုင်ငံသမ္မတနှင့် ကင်ညာနိုင်ငံ သမ္မတထံသို့ နှစ်သိမ့် ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2019-03-12 16:34:01

      အီသီယိုးပီးယားလေကြောင်းကုမ္ပဏီမှ ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် လူအမြောက်အမြားသေဆုံးခဲ့ခြင်းနှင့် စပ်လျဉ်း၍၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က အီသီယိုးပီးယားနိုင်ငံသမ္မတ Sahle-Work နှင့် ကင်ညာနိုင်ငံသမ္မတ Kenyatta ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရသည်။

      ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်လည်း အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အာဘီထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ၊ သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သည့် မိသားစုများအား နှစ်သိမ့်အားပေးကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio