• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီသီယိုးပီးယား ပျက်ကျလေယာဉ်၏ Black Boxကို ရှာဖွေတွေ့ရှိ

(GMT+08:00) 2019-03-12 15:42:27

အီသီယိုးပီးယား လေကြောင်းကုမ္ပဏီမှ ၁၁ရက်နေ့က ထုတ်ပြန်သော ကြေညာချက် အရ ကယ်ဆယ်ရေးသမားများသည် ပျက်ကျလေယာဉ်၏ Black Box နှစ်ခုစလုံးကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သိရသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

၁၀ရက်နေ့က အီသီယိုပီးယား လေကြောင်းကုမ္ပဏီမှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် အီသီယိုပီးယားမှနေ ကင်ညာသို့ ပျံသန်းရာတွင် အီသီယိုပီးယားပြည်တွင်း၌ ပျက်ကျခဲ့သောကြောင့် ခရီသည်နှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၅၇ဦး စလုံး သေဆုံးခဲ့ ကြောင်း၊ ၎င်းအနက် တရုတ်နိုင်ငံသား ၈ဦး ပါရှိကြောင်း၊ အီသီယိုပီးယား ဝန်ကြီးချုပ် အာဘီက ၎င်း၏ လူမှုကွန်ရက်မီဒီယာမှတဆင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်အားပေးခဲ့ကြောင်း၊ အီသီယိုပီးယား လွှတ်တော်သည် ၁၁ရက်နေ့ကို တစ်ပြည်လုံး ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြောင်း၊ သတင်းရရှိပါသည်။

   Webradio