• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမည့် ၅နှစ်တွင် အာရှတိုက်၏ စွမ်းအင်လိုအပ်မှုသည် အားကောင်းနေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ စွမ်းအင်အဖွဲ့ ဆို

(GMT+08:00) 2019-03-12 15:42:04

နိုင်ငံတကာ စွမ်းအင်အဖွဲ့က ၁၁ရက်နေ့က အမေရိကန်နိုင်ငံ၌ ရေနံဈေးကွက် မျှော်မှန်းချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာတွင် လာမည့်၅နှစ်အတွင်း အာရှတိုက်၏ စွမ်းအင်လိုအပ်မှုသည် အားကောင်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

တကမ္ဘာလုံး စီးပွားရေးသည် တိုးတက်မှုနှုန်း လျော့နည်းသော်လည်း လာမည့် ၅နှစ်အတွင်း အာရှတိုက်၏ စွမ်းအင်လိုအပ်မှုသည် အားကောင်းနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဓိက စွမ်းအင်သုံးစွဲသော နိုင်ငံ ဖြစ်နေသေးကြောင်း၊ ၂၀၂၄ခုနှစ် ရောက်လျှင် တစ်ကမ္ဘာလုံး၌ နေ့စဉ်ပျမ်းမျှအားဖြင့် ရေနံလိုအပ်မှုတိုးနှုန်းပမာဏမှာ စည်ပေါင်း ၇သန်း ၁သိန်းကို ရှိမည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့က ခန့်မှန်းကြောင်း၊ နိုင်ငံတကာ စွမ်းအင်အဖွဲ့ ဥက္ကဋ္ဌ ဖှါဒီသ် ဘီရိုလ်က ပြောကြားခဲ့ပါသည်။

   Webradio