• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရတ်နှင့်အီရန်တို့သည် စီးပွါးကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးမည်

(GMT+08:00) 2019-03-12 14:47:10

အီရတ်ဝန်ကြီးချုပ်အာဘ်တူ-မာဒီသည် ယခုလ ၁၁ ရက်နေ့က အလည်အပတ်ရောက် ရှိနေသောအီရန်သမ္မတရော်ဟာနီနှင့်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံတို့သည် စီးပွါးကုန်သွယ်ရေးနယ်ပယ်၌ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အီရတ်ဝန်ကြီးချုပ်ပြန်ကြားရေးရုံးမှကြေညာချက်အရ ယင်းသဘောတူစာချုပ်များတွင် ရေနံ၊ကုန်သွယ်ရေးနှင့်ဆေးဝါးကုသရေးစသည့်နယ်ပယ်၌ပူးပေါင်းဆောင်ရွက်မှုအပြင် အီရတ်တောင်ပိုင်းမြို့ဖြစ်သည့်ဘာစ်ရာမြို့မှ အီရန်နယ်စပ်တွင်ရှိသည့်ဆာလာမ်ဂျပ်မြို့နယ် သို့ ဆက်သွယ်ထားသောမီးရထားလမ်းတည်ဆောက်မှုလည်းပါဝင်ကြောင်း၊ ၄င်းသည် ရော်ဟာနီသည် ၂၀၁၃ ခုနှစ်က သမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် အီရတ်သို့ ခရီးလှည့်လည်ခြင်းဖြစ်ကြောင်း သိရပါသည်။

   Webradio