• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုရီးယား၌ ၁၄ကြိမ်မြောက် အမြင့်ဆုံး ပြည်သူ့ ကွန်ဂရက် လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပ

(GMT+08:00) 2019-03-11 10:41:21

၁၀ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ၌ ၁၄ကြိမ်မြောက် အမြင့်ဆုံး ပြည်သူ့ကွန်ဂရက် လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ဒေသအရပ်ရပ်မှ မဲဆန္ဒပေးသူများသည် လွှတ်တော်အမတ် ၆၀၀ကျော်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယား အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်သည် ထိုနေ့ နံနက်ပိုင်း က ပြုံယန်း ကျင်ဇေ စက်မှုလုပ်ငန်း တက္ကသိုလ်ရှိ မဲဆန္ဒရုံးတွင် မဲပေးခဲ့ကြောင်း မြောက် ကိုရီးယား ဗဟိုသတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းက ရေးသားဖော်ပြ ပါသည်။

အမြင့်ဆုံး ပြည်သူ့ကွန်ဂရက်သည် မြောက်ကိုရီးယား အမြင့်ဆုံး အာဏာကျင့်သုံးရေး လုပ်ငန်းဌာန ဖြစ်ကြောင်း၊ လွှတ်တော် အမတ် ရွေးကောက်ပွဲကို ၅နှစ် တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း၊ ၁၃ကြိမ်မြောက် အမြင့်ဆုံး ပြည်သူ့ကွန်ဂရက် ရွေးကောက်ပွဲကို ၂၀၁၄ခုနှစ် မတ်လ ၉ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio