• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုအထွေထွေအတွင်းရေးမှူးဘုန်ယမ်သည် တရုတ် ကွန်မြူနစ်ပါတီကိုယ်စားလယ်အဖွဲ့နှင့်တွေ့ဆုံ

(GMT+08:00) 2019-03-11 10:37:57

ယခုလ ၇ ရက်နေ့က လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊နိုင်ငံတော်ဥက္ကဋ္ဌဘုန်ယွမ်သည်ပြီယင်ကျမ်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေးဒုဝန်ကြီးဝမ်ယာ့ကျွင်းဦးဆောင်သော တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း စီအာအိုင်သတင်း အရသိရပါသည်။

ဘုန်ယမ်က လာအိုနိုင်ငံသည် လာအို-တရုတ်ကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက် မှုကို လွန်စွာအလေးထားပြီး လာအို-တရုတ်ကံကြမ္မာအသိုက်အဝန်းတည်ထောင်ခြင်းကို နက်ရှိုင်းစွာတွန်းအားပေးလိုကြောင်းပြောကြားခဲ့သည်။

ဝမ်ယာ့ကျွင်းက နှစ်ပါတီအထွေထွေအတွင်းရေးမှူးတို့၏အရေးကြီးသဘောတူညီမှု များကိုကောင်းမွန်စွာလက်တွေ့ဆောင်ရွက်မည်ဖြစ်၍တရုတ်-လာအိုကံကြမ္မာအသိုက်အ ဝန်းကို လက်တွဲတည်ထောင်ပြီးနှစ်နိုင်ငံပြည်သူများအတွက်အကျိုးဆောင်ပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

   Webradio