• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ဂျုံအန်နှင့် တတိယအကြိမ်တွေ့ဆုံပွဲအပေါ် ထရန့်က ပွင့်လင်းသောသဘောထားရှိ

(GMT+08:00) 2019-03-11 10:12:22

 အမေရိကန်သမ္မတ၏နိုင်ငံတော်လုံခြုံရေးလက်ထောက် ဘိုလ်တန်က ယခုလ၁၀ရက်နေ့က အမေရိကန်သမ္မတထရန့်သည် မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်နှင့် တတိယအကြိမ်တွေ့ဆုံပွဲအပေါ် ပွင့်လင်းသော သဘောထားရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ထိုနေ့က ဘိုလ်တန်က အမေရိကန်အသံလွှင့်ကုမ္ပဏီသတင်းထောက်နှင့် တွေ့ဆုံရာတွင် သမ္မတထရန့်သည် ၄င်းနှင့်ကင်ဂျုံအန်၏ပုဂ္ဂိုလ်ရေးဆက်ဆံမှုအပေါ် ယုံကြည်စိတ်ရှိကြောင်း ၊ လက်ရှိအချိန်တွင် အမေရိကန်နှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံတို့သည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များတတိယအကြိမ် တွေ့ဆုံပွဲအကြောင်းမစီစဉ်သေးသော်လည်း ထရန့်သည်  မြောက်ကိုးရီးယားဘက်နှင့်  နောက်ထပ်တစ်ကြိမ်ထိတွေ့ဆက်ဆံရန် အဆင်သင့်ဖြစ် နေကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio