• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယရွေးကောက်ပွဲကော်မတီသည် ၂၀၁၉ခုနှစ်အထွေထွေရွေးကောက်ပွဲအစီအစဉ်ကို တရားဝင်ထုတ်ပြန်

(GMT+08:00) 2019-03-11 10:11:44

အိန္ဒိယရွေးကောက်ပွဲကော်မတီမှ ယခုလ၁၀ရက်နေ့က နယူးဒေလီမြို့၌ ၂၀၁၉ခုနှစ် အိန္ဒိယအထွေထွေရွေးကောက်ပွဲအစီအစဉ်ကို တရားဝင် ကြေညာထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ယင်းအစီအစဉ်အရ ၂၀၁၉ခုနှစ် အိန္ဒိယအထွေထွေရွေးကောက်ပွဲသည် ဧပြီလ ၁၁ရက်နေ့စတင်ပြီး အဆင့်ကာလ၇ပိုင်းခွဲပြီးကျင်းပမည်ဖြစ်ကာ မေလ၂၃ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်ကို ကြေညာမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။

ထို့အပြင် အိန္ဒိယမီဒီယာသတင်းအရ ယခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူသန်း ၉၀၀ရှိပြီး ၂၀၁၄ခုနှစ်ကကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲကထက် သန်း၈၀တိုးလာ ကြောင်း သတင်းရရှိပါသည်။

   Webradio