• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းသမ္မတ အာဘတ်စ်သည် အစိုးရဝန်ကြီးချုပ်သစ် တာဝန်ခန့်အပ်

(GMT+08:00) 2019-03-11 10:04:11

        ယခုလ ၁၀ ရက်နေ့က ပါလက်စတိုင်းသမ္မတ အာဘတ်စ်သည် မိုဟာမက်-ရှ်တာယယ်ကို အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်းထူထောင်ရန် ၄င်းအား အမိန့်ချခဲ့ကြောင်း ပါလက်စတိုင်း အစိုးရသတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားသည်။

        မိုဟာမက်-ရှ်တာယယ်သည် ၁၉၅၈ ခုနှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်း ဖာတာ အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီဝင်ဖြစ်ကာ အများပြည်သူလုပ်ငန်းနှင့် နေအိမ်များ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သတင်းအရ သိရပါသည်။

   Webradio