• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီသီယိုပီးယား လေယာဉ် ပျက်ကျ၊ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၁၅၇ သေဆုံး

(GMT+08:00) 2019-03-11 09:31:35

အီယီယိုပီးယား ဝန်ကြီးချုပ်ရုံးက၊ အီယီယိုပီးယား လေကြောင်းကုမ္ပဏီပိုင် ခရီးသည်တင် လေယာဉ် တစ်စင်းသည် ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက အီသီယိုပီးယား ပြည်တွင်း၌ ပျက်ကျခဲ့ကြောင်း၊ အီသီယိုပီးယား အသံလွှင့်ကုမ္ပဏီ သတင်းအရ၊ လေယာဉ်ပေါ်ရှိ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်း စုစုပေါင်း ၁၅၇ ဦး စလုံး သေဆုံးပြီ ဖြစ်ကြောင်း ၁၀ ရက်နေ့က လူမှုကွန်ရက်၌ ဖေါ်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ပဏာမ စိစစ်မှုအရ၊ ယင်းလေယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား ၈ ဦး ပါရှိသွားကြောင်း သိရပါသည်။

ယင်းလေယာဉ်သည် ဒေသစံတော်ချိန် ၁၀ ရက်နေ့ ၈ နာရီ ၃၈ မိနစ်က အဒစ်အဘာသာမြို့တော်မှ စတင်ပျံသန်းပြီးနောက် မြို့တော်နှင့် ၄၅ ကီလိုမီတာ ကွာဝေးသည့် ဘီရှော်ဖူတူ အနီး၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio