• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံရေးဆွေးနွေးပွဲသည် ကိုရီးယားကျွန်းဆွယ် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2019-03-08 13:38:32

နိုင်ငံရေးဆွေးနွေးပွဲဖြင့် ကိုရီးယားကျွန်းဆွယ်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်နိုင်ငံသည် အမြဲတမ်းတိုက်တွန်းကြောင်း၊ ယင်းသည် ကိုရီးယားကျွန်းဆွယ်ပြဿနာ ကို ဖြေရှင်းရန် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ၇ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

မြောက်ကိုရီးယား၊ အမေရိကန် ခေါင်းဆောင်တို့သည် ဟနွိုင်းမြို့၌ တွေ့ဆုံပြီးနောက် ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရန် သဘောထားကို ဖော်ပြခဲ့ကြကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံသည် အတည်ပြုပြီး အားပေးမည်ဖြစ်ကြောင်း၊ လူခမ်းက ပြောကြားပါသည်။

   Webradio