• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလ လူ့အခွင့်အရေးကောင်စီအနေနှင့် ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအားဖြည့် ပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်က ပန်ကြား

(GMT+08:00) 2019-03-08 11:21:40

      ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက်အစည်းအဝေး၌၊ ကုလသမဂ္ဂ ဂျီနီဗါ ဌာနရုံးနှင့် ဆွစ်ဇာလန်ရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ယွီကျန့်ဟွာသည်၊ ဖွံ့ဖြိုးဆဲနိုင်ငံ ၅၀ ခန့်ကို ကိုယ်စားပြုပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယင်းကြေညာချက် ထုတ်ပြန်ခဲ့ရာ၌၊ ယွီကျန့်ဟွာက ယခုလောလောဆယ်တွင် တစ်ကမ္ဘာလုံးရှိ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လာနေ သဖြင့်၊ ကမ္ဘာကြီးသည် နိုင်ငံစုံဝါဒကို ယခင်ကထက် ပိုပြီးလိုအပ်ကြောင်း၊ နိုင်ငံအသီးသီးတို့ လက်တွဲပြီး၊ လူသားများအတူရင်ဆိုင်နေရသော အခက်အခဲများကို ဖြေရှင်းကြရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio