• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအို-တရုတ်နိုင်ငံတော်အဆင့်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဆိုင်ရာ လာအို ဥက္ကဋ္ဌ ပြောကြား

(GMT+08:00) 2019-03-08 11:20:58

      လာအိုနိုင်ငံတော် ဥက္ကဋ္ဌ Boungnang က Saysettha အထွေထွေဖွံ့ဖြိုးရေးဇုန်ကို ဆက်တိုက်ဖွံ့ဖြိုးပြီး စည်ပင်သာယာသော မြစိမ်းရောင်ဖွံ့ဖြိုးရေးဇုန်အဖြစ် တည်ဆောက်ရန်၊ ဒေသခံပြည်သူများ၏ နေထိုင်မှုဘဝအရည်အချင်းမြှင့်တင်ရန် မျှော်လင့်ပါကြောင်း ယခုလ ၇ ရက်နေ့က ဗီယင်ကျန်းမြို့တော်၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

Boungnang သည် Saysettha အထွေထွေဖွံ့ဖြိုးရေးဇုန်သို့ စစ်ဆေးကြည့်ရှုရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီယင်ကျန်း မြို့ရှိ Saysettha အထွေထွေဖွံ့ဖြိုးရေးဇုန်သည်၊ တရုတ်၊ လာအို နှစ်နိုင်ငံ အစိုးရတို့မှ ပူးတွဲထူထောင်သည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သည်ဟု သတင်း အရ သိရသည်။

   Webradio