• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနဒုဝန်ကြီးခုန်ရွှမ့်ယို့သည် ပါကစ္စတန်သို့ခရီးလှည့်လည်

(GMT+08:00) 2019-03-07 15:59:18

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနဒုဝန်ကြီး ခုန်ရွှမ့်ယို့သည် ယခုလ၆ရက်နေ့က ပါကစ္စတန်နိုင်ငံသို့ ခရီးလှည့်လည်ခဲ့သည်။ ယခုအကြိမ်ခရီးစဉ်အတွင်း ဒုဝန်ကြီး ခုန်ရွှမ့်ယို့သည် ပါကစ္စတန်ဝန်ကြီးချုပ် အီမ်ရမ်ခန်၊ ကြည်းတပ်စစ်ဦးစီးချုပ် ဘာဂ်ျဗာ၊ နိုင်ငံခြားရေးဝန်ကြီး ကူရယ်ရှ်တို့နှင့် အသီးသီးတွေ့ဆုံပြီး ပါကစ္စတန် သံတမန်အတွင်းရေးမှူးချုပ်နှင့်လည်း ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်တို့သည် အိန္ဒိယ-ပါကစ္စတန် အခြေအနေနှင့်ပတ်သက်၍ အမြင်ချင်း ကူးလူးဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio