• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုများပြားသော လုပ်ငန်းကုမ္ပဏီများက ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံသွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင်ရန် စင်ကာပူ စက်မှုကုန်သွယ်ရေးပူးတွဲအသင်းချုပ်က မျှော်လင့်

(GMT+08:00) 2019-03-07 13:40:24

      စင်ကာပူနိုင်ငံ စက်မှုကုန်သွယ်ရေး ပူးတွဲအသင်းချုပ်သည် ယခုလ ၆ ရက်နေ့က သတင်းကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ၌၊ ယခုနှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ် မြောက် တရုတ်နိုင်ငံ တကာသွင်းကုန်ကုန်စည်ပြပွဲတွင် ပိုမိုများပြားသော စင်ကာပူ လုပ်ငန်း ကုမ္ပဏီများက ပါဝင်ကြရန် မျှော်လင့်ပါကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရသိရ သည်။

၆ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ စင်ကာပူ စက်မှုကုန်သွယ်ရေး ပူးတွဲအသင်းချုပ် ဥက္ကဋ္ဌ ကျန်းစွန်းရှိန်းက တရုတ်ပြည်သည် တံခါးဖွင့်ထားသော နိုင်ငံတကာဈေးကွက်ဖြစ်လာ သဖြင့်၊ စင်ကာပူလုပ်ငန်းကုမ္ပဏီများသည်၊ ပိုမိုများပြားသော စီးပွားရေးအခွင့်အလမ်းများရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလတွင် တရုတ်ရှန်ဟိုင်းမြို့၌ ကျင်းပသွားမည်ဟု သတင်းအရသိရသည်။

   Webradio