• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မလေးရှားထန်းဆီနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုများအပေါ် မျှော်မှန်းချက်ရှိ

(GMT+08:00) 2019-03-06 15:14:57

မလေးရှားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဘိုင်တျန်းသည် ယခုလ ၄ ရက်နေ့က ကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှား-တရုတ်ထန်းဆီကုန်သွယ်ရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နိုင်ငံသည် မလေးရှားထန်းဆီ၏အစီတစိုက် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ယခုအကြိမ်ဖိုရမ်သည် ယမန်နှစ်က မလေးရှားဝန်ကြီးချုပ်မဟာသီယာ၏တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင် တို့ရရှိခဲ့သောသဘောတူညီမှုများကိုလက်တွေ့ဖေါ်ဆောင်ရန်အတွက်တက်ကြွစွာဆောင် ရွက်သည့်လှုပ်ရှားမှုဖြစ်ပြီး များပြားသောအောင်မြင်မှုများရရှိနိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှသတင်းအရ သိရပါသည်။

   Webradio