• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမည့် ၃ နှစ်အတွင်း ထိုင်းနိုင်ငံ၌ ရထားလမ်းလုပ်ငန်းဆိုင်ရာ လူရည်ချွန် ၆၀၀၀ တိုးများရန် လိုအပ်

(GMT+08:00) 2019-03-06 13:39:07

      ယခုလောလောဆယ်တွင် ထိုင်းနိုင်ငံမှ ကျောင်းသူကျောင်းသား ၇၂ ဦးတို့သည်၊ ကွမ်ရှီးဒေသ လျူကျိုးရထားလုပ်ငန်းဆိုင်ရာ သက်မွေး ပညာသင် ကောလိပ်တွင် စာသင် နေကြကြောင်း၊ ၄င်းတို့အနေနှင့်၊ ထိုင်းနိုင်ငံအတွင်း ရထားလမ်းဆိုင်ရာလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အလွန်အရေးကြီးကြောင်း၊ ထိုင်းနိုင်ငံ ဥပဒေပြုရေးလွှတ်တော်မှ ပညာရေးနှင့် ကာယပညာ ကော်မရှင် ဥက္ကဋ္ဌ အန်တာချိုင်က ယခုလ ၅ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လျူကျိုးမြို့တွင် ပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက မိမိ၏ ယခုအကြိမ် ကွမ်ရှီးခရီးစဉ်ဖြင့် ရထားလမ်းလုပ်ငန်း ဆိုင်ရာ လူရည်ချွန်များ ပြုစုပျိုးထောင် ရေးနယ်ပယ်၌ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားဖြည့်ပြုလုပ်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထိုနေ့က အန်တာချိုင်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လျူကျိုးရထားလမ်း လုပ်ငန်းဆိုင်ရာ သက်မွေးပညာသင်ကောလိပ်သို့ ခရီးလှည့်လည်စဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သတင်းအရသိရသည်။

 

   Webradio