• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်သည် တရားမဝင် လက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်

(GMT+08:00) 2019-03-06 12:19:07

ပါကစ္စတန် တရားဥပဒေကျင့်သုံးရေးဌာနသည် မကြာခင်ရက်များက ပါကစ္စတန်ပြည်တွင်း၌ လှုပ်ရှားနေသော တရားမဝင် လက်နက်ကိုင်အဖွဲ့များကို တိုက်ဖျက်ရေးဆောင်ရွက်ချက် ကျင့်သုံးရာတွင် ၄၄ဦးကို ဖမ်းဆီးပြီးဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေးရာ ဝန်ကြီး အာဖ်ရီဒီ က ၅ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

၎ရက်နေ့က စတင်ခဲ့သော ယခုအကြိမ် တိုက်ဖျက်ရေး ဆောင်ရွက်မှုကို ၂ပတ်ကြာ ဆက်တိုက် လုပ်ဆောင်မည်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူမှုကျင့်သုံးနေသော တရားမဝင် လက်နက်ကိုင် အဖွဲ့များအား အဓိက ရည်ရွယ်ထားကြောင်း၊ ယင်းသည် ပါကစ္စတန်အစိုးရ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်၍ ပြင်ပမှ ဖိအားများကြောင့် ကျင့်သုံးသော ဆောင်ရွက်ချက်မဟုတ်ကြောင်း အာဖ်ရီဒီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

   Webradio