• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံရေးနည်းလမ်းဖြင့် ဆီးရီးယားပြဿနာကို ဖြေရှင်းလိုသည် ဆော်ဒီအရေးဗျနှင့်ရုရှားဆို

(GMT+08:00) 2019-03-05 10:32:31

ဆော်ဒီအရေးဗျနိုင်ငံခြားရေးဝန်ကြီး ဂျူဘေလ်သည် ယခုလ၄ရက်နေ့က အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရိုဗ်နှင့် ဆွေးနွေးပွဲကို ကျင်းပပြီး နှစ်ဦးနှစ်ဖက်တို့သည် ဆီးရီးယားပြသာနာရိုဖြေရှင်းရန် နိုင်ငံရေး နည်းလမ်းများကို ရှာကြံလိုသည်ဟု ယူဆကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရိုဗ်သည် ထိုနေ့က ဆော်ဒီအရေးဗျနိုင်ငံသို့ရောက်ရှိပြီး ရီယတ်မြို့၌ ဝန်ကြီး ဂျူဘေလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်တို့သည် ဆီးရီးယာပြဿနာကို အဓိကဆွေးနွေးပြီး ဆီးရီးယား အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေး နည်းလမ်းများကို ရှာကြံလိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio