• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးဟာ တရုတ်ပြည် ဖွံ့ဖြိုးရေးအတွက် ဆက်တိုက် တွန်းအားပေးနေ

(GMT+08:00) 2019-03-05 08:36:11

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနဲ့ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးတွေကို နှစ်စဉ် မတ်လမှာ ကျင်းပလေ့ ရှိပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံက တစ်နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံခန့်ခွဲတဲ့ သော့ချက်ကျ ကာလ ဖြစ်တဲ့ အပြင် နိုင်ငံတကာ မိသားစုကြီးက တရုတ်ပြည်အား အာရုံစိုက် အကဲခတ်ဖို့ အရေးကြီး ပြတင်းပေါက်လည်း ဖြစ်ပါတယ်။ တရုတ် ထူးခြားချက် ဝိသေသ ပါရှိတဲ့ နိုင်ငံရေး စနစ် အဖြစ်နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ဟာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ကြာမြင့်တဲ့ ဖွံ့ဖြိုးရေး ဖြစ်စဉ်မှာ အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေပြီး၊ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်တိုက် တွန်းအား ပေးနေပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးသော နိုင်ငံ တစ်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံမှာ ပြည်သူပြည်သားများရဲ့ အကျိုးစီးပွါးဆိုင်ရာ လိုအပ်ချက်များဟာ မတူခြားနား၊ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် တရုတ်လူမျိုးဟာ တူညီတဲ့ အမြင် ဆန္ဒ တစ်ရပ် ရှိတယ်၊ အဲဒါဟာ တရုတ် အမျိုးသား မွန်မြတ်သော ရှင်သန်ရေး ဖေါ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တရုတ်လူမျိုး သန်း ၁၄၀၀ တို့ရဲ့ တူညီတဲ့ မျှော်ချင့်ချက် ဆန္ဒ ဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံရေး အတိုင်ပင်ခံ ဆိုင်ရာ အဖွဲ့အစည်း တစ်ခု အဖြစ်နဲ့ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ဟာ ဗဟို စီမံဆုံးဖြတ်ရေးဌာနများနဲ့ အလွှာပေါင်းစုံမှ ပြည်သူများအား အင်အားစုစည်းဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် အမျိုးသား ရှင်သန်ရေးကို တွန်းအားပေးဖို့ အရေးကြီး ပေါင်းကူးတံတားလို အခန်းမှ ပါဝင်ဆောင်ရွက် နေပါတယ်။

သွေးစည်းညီညွတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ရေးဟာ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်လုပ်ငန်းရဲ့ အဓိက ရည်မှန်းချက် အကြောင်း နှစ်ရပ် ဖြစ်ပါတယ်။ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များဟာ အလွှာပေါင်းစုံမှ လာတာ ဖြစ်ပြီး အလွှာပေါင်းစုံမှ ပြည်သူပြည်သားများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စား ပြုနိုင် ပါတယ်။ ဒါကြောင့် အဲဒီ အဖွဲ့အစည်းဟာ တရုတ်ပြည် လုပ်ငန်းပေါင်းစုံမှ အင်အားများ သွေးစည်းညီညွတ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ဆိုရရင်၊ ၁၃ ကြိမ်မြောက် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၀၀၀ ကျော် ထဲမှာ ကွန်မြူနစ်ပါတီဝင် ဦးရေဟာ ၃၉့ ၈ ရာခိုင်နှုန်း ရှိပြီး ကွန်မြူနစ်ပါတီဝင် မဟုတ်တဲ့ ကော်မတီဝင် ဦးရေဟာ ၆၀့၂ ရာခိုင်နှုန်း ရှိပါတယ်။ ကော်မတီဝင်များထဲမှာ လူတော်တော်များများဟာ လုပ်ငန်းနယ်ပယ်မှာ ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ သူတို့ရဲ့ အဆိုပြုချက်တွေဟာ အရေးကြီး လုပ်ငန်းနယ်ပယ်များနဲ့ တိုက်ရိုက် ဆက်စပ်ထားပါတယ်။

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပထမ အကြိမ် အစည်းအဝေး ကျင်းပခဲ့တဲ့နောက်ပိုင်း၊ ကော်မတီဝင်များရဲ့ အဆိုပြုချက် ၅၃၆၀ ကို ရရှိခဲ့ပြီး လက်ရှိအချိန်အထိ အဲဒီ အဆိုပြုချက်များရဲ့ ၉၉့ ၂ ရာခိုင်နှုန်းကို အကောင်အထည် ဖေါ်ဆောင်ပါပြီ။ အဲဒီ အဆိုပြုချက်တွေဟာ စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေး၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ဘက်စုံ ဥပဒေ စိုးမိုးရေး၊ ယဉ်ကျေးမှု လုပ်ငန်းကို တွန်းအားပေးရေး၊ ဆင်းရဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင် ပြဿနာကို ဖြေရှင်းရေး၊ ပြည်သူလူထုရဲ့ နေထိုင်မှု ဘဝ တိုးတက် ကောင်းမွန်စေရေး၊ အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး စတာတွေ ပါဝင်ထားပြီး တရုတ် အစိုးရရဲ့ မူဝါဒများ ချမှတ်ရေးအတွက် အရေးကြီး အာမခံချက်နဲ့ အထောက်အကူကို ပေးလိုက်ပါတယ်။

   Webradio