• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန်နစ္စတန်တာလီဘန်အဖွဲ့နှင့် အမေရိကန် စေ့စပ်ဆွေးနွေးပွဲသစ်တွင် အရေးကြီးသော တိုးတက်မှု မရရှိ

(GMT+08:00) 2019-03-04 17:02:15

ယခုလ၃ရက်နေ့က အာဖဂန်နစ္စတန်တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မူကျာဟီဒ်က ကာတာနိုင်ငံဒိုဟာမြို့၌ ကျင်းပနေသော တာလီဘန်အဖွဲ့နှင့် အမေရိကန်စေ့စပ်ဆွေးနွေးပွဲသစ်တွင် အရေးကြီးသော တိုးတက်မှုကို မရရှိသေးသဖြင့် ယင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

လက်ရှိအချိန်တွင် နှစ်ဖက်တို့သည် နိုင်ငံခြားတပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံမှ ရုပ်သိမ်းခြင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်နယ်မြေကို အသုံးပြုပြီး အခြားနိုင်ငံကို ထိခိုက်ခြင်းမပြု ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေကြကြောင်း သတင်းရရှိပါသည်။

   Webradio