• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား သန်းခေါင်စာရင်းကောက်ယူမှုကို ကူညီထောက်ပံ့

(GMT+08:00) 2019-03-04 15:05:08

ဒေသစံတော်ချိန် မတ်လ ၃ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၁ရက်ကြာသော တစ်ပြည်လုံး သန်းခေါင်စာရင်းကောက်ယူမှုကို စတင်ခဲ့ကြောင်း၊ ယင်းသန်းခေါင်စာရင်းသည် ကမ္ဘောဒီးယားအစိုးရမှ သိပ္ပံနည်းကျစွာတိုးတက်ရန်တွက် အထောက်အထားပေးမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

  ကမ္ဘောဒီးယားနိုင်ငံတော်ရေးရာနှင့် စီမံကိန်းဝန်ကြီး ဆယ်ထွန်က မိတ်ဆက်ချက်တွင် သန်းခေါင်စာရင်းသည် ကမ္ဘောဒီးယားနိုင်ငံအနာဂတ် စီးပွားရေး၊လူမှုရေး တိုးတက်မှုဆိုင်ရာ ပေါ်လစီအမျိုးမျိုး ချမှတ်ရေးအတွက် သော့ချက်သောအခန်းမှ ပါဝင်ကြမည်ဖြစ်ကြောင်း၊ ယခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုတွင် အစိုးရ အရာရှိ ၄သောင်း၇ထောင်၇ရာပါဝင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio